Pending Jobs
Marked Done
Inventory Grid
0 Items
လမ်းညွှန်လက်စွဲ (SOP)
ဆိုင်ကို ဖောက်သည်တစ်ယောက် ဝင်လာချိန်မှစ၍ အော်ဒါလက်ခံပြီးသည်အထိ ဝန်ထမ်းတိုင်း မဖြစ်မနေ လိုက်နာလုပ်ဆောင်ရမည့် အဆင့် (၅) ဆင့် ဖြစ်ပါသည်။
၁
အပြုံးဖြင့် ကြိုဆိုနှုတ်ခွန်းဆက်ခြင်း
- ချက်ချင်းတုံ့ပြန်ပါ: ဖောက်သည် ဆိုင်ထဲဝင်လာသည်နှင့် မျက်လုံးချင်းဆုံအောင်ကြည့်ပြီး အပြုံးဖြင့် နှုတ်ဆက်ပါ။
- ပြောရမည့်စကား: "မင်္ဂလာပါရှင်/ခင်ဗျာ။ Yoe Yar ကနေ ကြိုဆိုပါတယ်။ ဘာများကူညီပေးရမလဲရှင့်/ခင်ဗျာ။"
၂
လိုအပ်ချက်ကို သေချာစွာ မေးမြန်းခြင်း
ပုံနှိပ် (ဗီနိုင်း၊ စတစ်ကာ၊ ဓာတ်ပုံ)
- Vinyl: အလျား x အနံ (ပေ)၊ အထူ/အပါး၊ ကွင်းပါ/မပါ၊ ပိုက်စွပ်/မစွပ် မေးပါ။
- Sticker: အရွယ်အစား၊ ရိုးရိုး/ရောင်ပြန်၊ Die-cut (ပုံဖော်ဖြတ်) ပါ/မပါ မေးပါ။
- Photo: 4x6, 8x10 စသဖြင့် ဆိုဒ်နှင့် အရေအတွက်၊ မှန်ဘောင် ပါ/မပါ မေးပါ။
ကတ်/ဖိတ်စာ/ဘောင်ချာ
- ဘယ်နှစ်စောင် (Quantity) ထုတ်ချင်တာလဲ။
- စက္ကူအမျိုးအစား (ကတ်ထူ/ရိုးရိုး) ရွေးချယ်ပါ။
- အချက်အလက် (စာသား) တွေ ပြည့်စုံပြီလား။
တံဆိပ်တုံး/စာလုံးဖောက်
- ပုံစံ (အဝိုင်းလား၊ လေးထောင့်လား)။
- ဖောက်မည့်ပစ္စည်း (Acrylic, ဖော့, စတစ်ကာ)။
- ပါရမည့် စာသားများကို သေချာချရေးခိုင်းပါ။
Service (စက်ပြင်၊ စာစီ၊ ကတ်လောင်း)
- Repair: Model၊ ဖြစ်နေတဲ့ Error၊ Password၊ Charger/Battery ပါ/မပါ သေချာမှတ်ပါ။
- Typing: မြန်မာ/အင်္ဂလိပ်၊ စာမျက်နှာ အရေအတွက်၊ Font (Zawgyi/Unicode) မေးပါ။
- Lamin: အပူခံစာရွက် (Thermal) ဟုတ်/မဟုတ် အရင်စစ်ပါ။ မဟုတ်မှ ကတ်လောင်းပါ။
၃
ဈေးနှုန်းနှင့် ကြာချိန်ကို ရှင်းပြခြင်း
- System ထဲတွင် ပါရှိသော ဈေးနှုန်းများအတိုင်း တွက်ချက်ပြပါ။ ခန့်မှန်းကုန်ကျစရိတ်ကို ရှင်းလင်းစွာ ပြောပြပါ။
- စက်ပြင်မည်ဆိုပါက "စစ်ဆေးပြီးတာနဲ့ ဖုန်းဆက်ပြီး ဈေးနှုန်းအရင် အကြောင်းကြားပေးပါမယ်" ဟု ပြောပြပါ။
- ပစ္စည်းပြန်ရမည့်ရက် (Due Date) ကို တိကျစွာ သတ်မှတ်ပေးပါ။
၄
စာရင်းသွင်း၍ ဘောင်ချာထုတ်ပေးခြင်း
- ဖောက်သည်ရှေ့တွင် System ထဲသို့ ဝင်ပါ။ အချက်အလက်များ ပြည့်စုံစွာထည့်ပြီး Save လုပ်ပါ။
- System မှ ထွက်လာသော ဘောင်ချာကို Print ထုတ်၍ ဖောက်သည်အား ပေးပါ။
၅
ပစ္စည်းအလွှဲနှင့် နောက်ဆက်တွဲ စောင့်ကြည့်ခြင်း
- ပစ္စည်းလွှဲပြန်ချိန်: ဖောက်သည် ပစ္စည်းလာယူချိန်တွင် ဘောင်ချာနှင့်တိုက်စစ်၍ အပ်နှံပါ။ ကျန်ငွေရှိပါက ကောက်ခံပါ။
- နောက်ဆက်တွဲ: ဖောက်သည်ကျေနပ်မှုမေးမြန်းပါ။ နောက်ထပ်လိုအပ်ချက်များရှိပါက မှတ်သားထားပါ။
- ကျေးဇူးတင်စကား: "ကျေးဇူးပါရှင်/ခင်ဗျာ။ နောက်လာရင်လည်း ဆက်လက်ပို့ဆက်ပါ့မယ်ရှင့်/ခင်ဗျာ။" ဟု ပြောဆိုနှုတ်ဆက်ပါ။
My Daily Log
Accomplished by Me
0
Total Value
To Do / Scheduled Today
My Accomplished Jobs
Monthly Staff Report
Jobs Added By (Order Taker)
Jobs Completed By (Worker)
Take a photo of physical voucher to extract data instantly
Staff Management
Admin Tools
⚠️ Restores Name, Price, Date & Summary only.